Home » Background History

Background History

ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်
West Yangon University
ပညာဖွံ့ဖြိုး ပြည့်အကျိုး
To develop the knowledge for benefit of the country
အနောက်ပိုင်းတက္ကသိုလ်
220px-WYU_Logo
တည်ထောင်ခုနှစ် ၂၆၊ ဇွန်၊ ၂၀၀၂
ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း
ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်
တည်နေရာ ထန်းတပင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး
အဖွဲ့အစည်း ပညာရေး ဝန်ကြီးဌာန

သမိုင်းကြောင်း

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို ၈၈၈၈ လူထုဆန္ဒပြပွဲပေါ်ပေါက်ပြီးနောက် ရန်ကုန်တက္ကသိုလ် အားပိတ်လိုက်ပြီးနောက် ၁၄ နှစ်အကြာ ၂၀၀၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ကျောင်းအုပ်ကြီးများ

လက်ရှိရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ပါမောက္ခချုပ်မှာ ဒေါက်တာတင်မောင်ထွန်း ဖြစ်ပြီး၊ ဒုတိယပါမောက္ခချုပ်မှာ ဒေါက်တာအေးအေးခိုင် တို့ ဖြစ်သည်။

ဌာနများ

အဓိကအားဖြင့် သင်ကြားရေး ဌာန နှင့်စီမံရေး ဌာန ဟူ၍ (၂)ပိုင်း ရှိသည်။

သင်ကြားရေး ဌာနများ

သင်ကြားရေးဌာန (၁၄) ခုရှိသည်။ ဘာသာရပ်ဆိုင်ရာ ဌာနများအလိုက် ပါမောက္ခ၊ ဌာနမှူးများ ထားရှိသည်။ သင်ကြားရေးဌာန(၁၄)ခုမှာ-

  1. မြန်မာစာ ဌာန
  2. အင်္ဂလိပ်စာ ဌာန
  3. ပထဝီ ဌာန
  4. သမိုင်း ဌာန
  5. သင်္ချာ ဌာန
  6. သတ္တဗေဒ ဌာန
  7. ရုက္ခဗေဒ ဌာန
  8. ကုန်ထုတ်ဗေဒ ဌာန
  9. ဘူမိဗေဒ ဌာန
  10. ဒဿနိက ဌာန
  11. အရှေ့တိုင်းပညာ ဌာန
  12. ဓါတုဗေဒ ဌာန
  13. ရူပဗေဒ ဌာန
  14. ဥပဒေ ဌာန  တို့ဖြစ်သည်။

စီမံရေး ဌာနများ

စီမံရေးဌာန(၈)ခု ရှိသည်။ စီမံရေးဌာနများမှာ-

  • စီမံရေးရာ ဌာန၊
  • ကျောင်းသားရေးရာ ဌာန၊
  • အေးသင် ဌာနခွဲ၊
  • ဘဏ္ဍရေး ဌာန၊
  • စာမေးပွဲ နှင့် ဘွဲ့နှင်း၊
  • စာကြည့်တိုက်၊
  • နယ်မြေဌာန၊ တို့ဖြစ်သည်။

သင်ကြားနိုင်သောဘာသာရပ်များ နှင့် ပေးအပ်သောဘွဲ့များ[ပြင်ဆင်ရန်]

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်အဓိအားဖြင့် ဝိဇ္ဇာနှင့် သိပ္ပံ အထူးပြုဘာသာရပ်များ သင်ယူနိုင်ပါသည်။

စဉ် ဘာသာရပ် အပ်နှင်းသောဘွဲ့ မှတ်ချက်'”
မြန်မာစာ (Burmese) BA
အင်္ဂလိပ်စာ (English) BA
ပထဝီဝင် (Geography) BA
သမိုင်း (History) BA
ဒဿနိကဗေဒ (Philosophy) BA
ရသပညာ (Creative Writing) BA
အရှေ့တိုင်းပညာ (ပါဠိ) (Oriental Studies) BA
ဘူမိဗေဒ (Geology) BA
ရုက္ခဗေဒ (Botany) BSc
၁၀ ဓာတုဗေဒ (Chemistry) BSc ပညာချွန်ဆုလျှောက်နိုင်
၁၁ သင်္ချာ (Mathematics) BSc ပညာချွန်ဆုလျှောက်နိုင်
၁၂ ရူပဗေဒ (Physics) BSc ပညာချွန်ဆုလျှောက်နိုင်
၁၃ သတ္တဗေဒ (Zoology) BSc
၁၄ ကုန်ထုတ် ဓာတု (Chemical industry) BSc

အဝေးသင်ဌာနခွဲ

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အဝေးသင်ဌာနခွဲကိုလည်းဖွင့်လှစ်ထားသည်။